Facebook တည်ထောင်သူ Mark Zuckerberg နဲ့ တွေ့ဆုံခြင်း
( ၁ )
မိတ်ဆွေတို့ကို
English For All Magazine ထဲမှာဖတ်ရှုခဲ့ရတဲ့ အင်တာဗျူးလေးကို မျှဝေပေးပါ့မယ်။ For
All Magazine ကလည်း Current Magazine က ကူးယူဖော်ပြပေးထားတာ ပါတဲ့။ အင်္ဂလိပ်စာ ၀ါသနာရှင်တွေကတော့
ဖတ်ရှုပြီးသားဖြစ်မယ် ထင်ပါတယ်။ မဖတ်ဖူးသေးသူများ နှင့် facebook အသုံးပြုနေသူများတွက်
facebook တည်ထောင်သူ ပညာရှင်နဲ့ မိတ်ဆက်ပေး လိုက်ပါတယ်။
Current Magazine : What time do you wake up in the
morning ?
မနက်ဆို ဘယ်အချိန်လောက် အိပ်ရာထတတ်လဲခင်ဗျ။
Mark Zuckerberg : That depends. There are two modes.
ဒါကတော့ အခြေအနေအရပါပဲ။ ကျွန်တော့်မှာ ပုံစံနှစ်မျိုးတော့ရှိတယ်။
I keep programmer time sometimes. When you’re at
your computer you can get distracted by other people, so programmers tend to
stay up really late and work when everyone else is asleep.
ကျွန်တော်က ပရိုဂရမ်ရေးဆွဲချိန်တစ်ချိန်တော့ထားတယ်။ ခင်ဗျားကွန်ပျူတာတစ်လုံးနဲ့
အလုပ်လုပ်နေ ချိန်မှာ တခြားလူတွေက ခင်ဗျားကို အာရုံပြောင်းအောင်လုပ်နိုင်တယ်လေ…ဒါကြောင့်
ပရိုဂရမ်ရေးဆွဲသူတွေဟာ တကယ်ကို နောက်ကျတဲ့အထိ နေတတ်ကြသူတွေဖြစ်ပြီး အခြားသူတွေအားလုံး
အိပ်မောကျနေချိန် အလုပ်လုပ်ကြတယ်ဗျ။
So, it’s not really uncommon for me to stay up until
6 or 8 in the morning. The other mode is when I have a meeting.
ကျွန်တော့်အတွက်တော့ မနက်၆နာရီ ၊ ၈နာရီ လောက်ထိ နေတာက သိပ်တော့
အထူးအဆန်း မဟုတ်တော့ပါဘူး။ နောက်တစ်ခုကတော့ ကျွန်တော် အစည်းအဝေးတက်ဖို့ရှိတဲ့ အနေအထားမျိုးမှာပါပဲ။
The business world does not operate between 5 pm and
8 am, so that requires some waking up for.
စီးပွားရးလောကကြီးက ညနေ ၅နာရီကနေကနေ ၈ နာရီအထိ အလုပ် မလုပ်ဘူးလေ…..ဒါကြောင့်
(သူအလုပ်လုပ်ချိန်မှာ ) ကျွန်တော် နိုးထနေဖို့တော့ လိုတာပေါ့။
The two kinds of go together well because sometimes
I’m waking up at 8 am and sometimes I’m going to bed at 8 am. So I’ll go for
three days without sleep which is really sweet.
ပုံစံနှစ်မျိုးလုံးလည်း ဖြစ်နေတာပါပဲဗျာ… တစ်ခါတစ်လေ မနက်
၈ နာရီ ထတယ်။ တစ်ခါတစ်လေ မနက် ၈ နာရီ အိပ်ရာဝင်တယ်။ ဒါကြောင့် သုံးရက်လာက် ကျွန်တော်မအိပ်တာလည်း
ရှိပါတယ်။ တကယ်ပါပဲဗျာ…..
CM : What about breakfast ?
ဒါဆို မနက်စာရော ဗျ
MZ : I haven’t eaten breakfast in a long time. The
only time I eat breakfast is when I have meetings that early in the morning.
ကျွန်တော် မနက်စာမစားတာဆိုရင်တော့ အတော်လေးကြာရော့မယ်။
ကျွန်တော်မနက်စာစားတဲ့ တစ်ခုတည်းသော အချိန်ကတော့ မနက်စောစော အစည်းအဝေး ရှိတဲ့အခါပါပဲ။
Usually it’s a late lunch and then a late dinner and
then a second dinner at Jack in the Box.
နောက်ကျတဲ့ နေ့လည်စာဖြစ်တာ များပါတယ်။ နောက်တော့….နောက်ကျတဲ့
ညစာရယ်….ပြီးတော့ fast food စားသောက်ဆိုင်တန်းမှာ ဒုတိယအကြိမ် dinner စားဖြစ်သွားတာပါပဲ။
CM : Tell me about how the facebook got atarted.
ကျွန်တော့်ကို facebook စတင်တည်ထောင် ဖြစ်ခဲ့ပုံလေး ပြောပြပါလားဗျာ…။
MZ : The idea for the webside was motivated by a
social need at Harvard to be able to identify people in other residential
houses- Harvard is a fairly unfriendly place.
ဒီဝက်ဘ်ဆိုက် တည်ထောင်တဲ့ စိတ်ကူးစိတ်သန်းကို “ ဟားဗဒ်
တက္ကသိုလ် အဆောင်တွေက လူတွေကို ရှာဖွေ စာရင်းပြုဖို့ လိုအပ်ချက်တစ်ခုက လှုံ့ဆော်အသက်သွင်းခဲ့တာပဲ
ဖြစ်ပါတယ်။
While each residential house listed directories of
their residents, I wanted one online directly where all students could be
listed.
အဆောင်တစ်ခုစီက နေထိုင်သူ စာရင်းနဲ့ပတ်သက်တဲ့ လမ်းညွှန်တွေထုတ်တဲ့အခါ
ကျွန်တော်က ကျောင်းသားအားလုံးကို ဖော်ပြနိုင်တဲ့ အွန်လိုင်းလမ်းညွှန် တစ်ခုကို လိုချင်ခဲ့တာပါ။
And I’ve always enjoyed building things and
puttering around with computer code, so I sat down and in about a week I had
prouduced the basic workings of the site.
ပြီးတော့ ကျွန်တော်က အမြဲတမ်း ပစ္စည်းလေးတွေ ဖန်တီးတည်ဆောက်တာတို့
ကွန်ပျူတာ ကုတ်နံပတ်တွေနဲ့ ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေရတာကို ကြိုက်နှစ်သက်တယ်လေ…..ဒါကြောင့်
ကျွန်တော် ထိုင်ချလိုက်ပြီး တစ်ပတ်လောက် အချိန်အတွင်းမှာပဲ ဒီဝက်ဘ်ဆိုဒ်ရဲ့ အခြေခံ
အလုပ်လုပ်ပုံ တွေကို ဖော်ထုတ်ခဲ့တာပါပဲ။
ဒေါက်တာထက်အောင်
Facebook
ကို အပျော် သုံးရုံတွင် မဟုတ်ဘဲ facebook တည်ထောင်သူကို အတုယူအားကျ ဆင်ခြင်နိုင်ကြပါစေ………..
(
ရှေ့ဆက်ရန် )
0 comments:
Post a Comment