အားကစားနဲ့ အမုန်းမပွားစေလိုပါ

` အင်း---အဲလိုပါပဲ။ စကားမစပ်လို့ဆိုရမလား။ လူဆိုတာလည်း
ခက်တော့ခက်သားပဲလေ။ အမေရိကန်နိုင်ငံက စီးပွားရေးစင်တာမျှော်စင်ကြီး ဖျက်ဆီခံရတဲ့နေ့မှာ
ကိုယ့်အခန်းထဲက ဖန်ခွက်လေး တစ်ခွက် ကွဲသွားမယ်ဆိုရင် ဖန်ခွက်ကွဲတဲ့ အကြောင်းအရာလေးကပဲ
ကိုယ့်ကိုစိုးမိုးနေမှာပါ။
အခုလည်း ကျွှန်တော်ပြောလိုတာက စစ်ကိုင်းစပညာရေးတက္ကသိုလ်မှာ ကျင်းပတော့မယ့်
ဘောလုံးပြိုင်ပွဲအကြောင်းကို တခုတ်တရ ပြောပါရစေ။
ဘောလုံးကစားခြင်းဖြင့် ကိုယ်ကာယ ကျန်းမာသန်စွမ်းတာပဲ ဖြစ်စေလိုပါတယ်။
ကြမ်းတမ်းစွာ ကစားခြင်းဖြင့် အနာတရ မဖြစ်စေလိုပါ။
ဘောလုံးကစားခြင်းဖြင့် တစ်ကျောင်းတည်းမှာ အတူနေကြတဲ့ မိတ်ဆွေ၊
ညီအစ်ကို၊ မောင်နှမ အချင်းချင်း ပိုမိုရင်းနှီးချစ်ကြည်စေလိုပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းရာလေးတွေအတွက်
ပြဿနာမဖြစ်စေလိုပါ။ နှစ်ဦးနှစ်ဖက် သဘောထား ပြည့်ဝကြစေလိုပါသည်။်
မှတ်မှတ်ရရ။ ယမန်နှစ်က အားကစားကို အကြောင်းပြု အမုန်းထုတွေ လွှမ်းခြုံခဲ့ကြဖူးပါတယ်။
အဲဒီတုန်းက ပြဿနာဖြစ်ခဲ့တဲ့ အပတ်စဉ်နှစ်ခုဟာ စာသင်ဆောင်အတူတူပါ။ ပိုရင်းနှီးသင့်တဲ့သူတွေ
ပြဿနာတက်ခဲ့ရပါတယ်။
အခုလည်း ရွှေမင်းကွန်း(၁) ဆိုတဲ့ အဆောင်သစ်ကြီးမှာ ငြိမ်းချမ်းစွာ
နေထိုင်နေကြပါတယ်။ ဒါပေမယ့် နောက်တစ်ဖန် ပြဿနာ မဖြစ်ကြစေလိုပါ။ယခုလိုလေးပဲ အေးချမ်းစွာ
ရင်းနှီးခင်မင်စေလိုပါတယ်။
ကိုယ်ရောက်နေတဲ့ “ တက္ကသိုလ်ကျောင်းသား “ ဆိုတဲ့ ဘ၀ကို တန်ဖိုးထားကြစေလိုပါတယ်။
မြန်မာ့သမိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းညီညာအားနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြဖူးပါတယ်။
တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းအားနဲ့ပဲ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲစေခဲ့ဖူးပါတယ်။
အစဉ်အလာကြီးမားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေ ဘာမဟုတ်တာလေးအတွက် သဘောထားသေးသိမ်ပြီး ပြဿနာ မဖြစ်စေလိုပါ။
နိဂုန်းချုပ်အနေနဲ့ စင်္ကာပူတွင် ဆရာနေ၀င်းမြင့် ဟောပြောသွားသော
အခွေထဲက နားထောင်မိတာလေးကို ဖော်ပြပါရစေ။
·
တရားစည်များတီးတဲ့အခါမှာ သုံးဂါဝုတ် ကနေ ကြားနိုင်ပါတယ်။
·
မိုးခြိမ်းသံကို သုံးယူဇနာကနေ ကြားနိုင်ပါတယ်။
·
ဒါနရဲ့အသံကို နတ်ပြည်ခြောက်ထပ်ကနေ ကြားနိုင်ပါတယ်။
·
သီလရဲ့အသံကို ဗြဟ္မာ့ဘုံကနေ ကြားနိုင်ပါတယ်။
·
ဘာဝနာရဲ့အသံကို နိဗ္ပHာန် ကနေကြားနိုင်ပါတယ်။
·
မေတ္တာရဲ့အသံကို အနန္တစကြာဝဠာကနေ ကြားနိုင်ပါတယ်။
မိတ်ဆွေအချင်းချင်း မေတ္တာတရားတွေ
ပွားများနိုင်ကြပါစေ----
0 comments:
Post a Comment