တိုးတိုးပြောပါ
အဆောင်အတွင်းတွင်
အဆောင်သူလေးများ ထမင်းစားသွားရန် ပြင်ဆင်နေကြသည်။
“ ဟေ့
ဒီနေ့ တနင်္ဂနွေဆိုတော့ ကြက်သားလား၊ ကြက်ဥလား မသိဘူးနော် “
“ ဘာမှ
မဟုတ်ဘူး၊ ငုံးဥ သုံးလုံးကျွေးတယ်တဲ့ “
“ ဟင်
ကြက်ဥကနေ ငုံးဥ သုံးလုံး ဖြစ်သွားပြီပေါ့ “
“ ဒါနဲ့
ကျန်းမာရေးစာစောင်တွေထဲမှာ ကြက်ဥတစ်လုံးရဲ့ ကယ်လိုရီ ကြွယ်ဝမှုဟာ မြေပဲဆံ ၂၅ စေ့နဲ့
အတူတူပဲတဲ့လေ “
“ အို
ဟုတ်လား ၊ တိုးတိုးပြောပါ ။ အဆောင်မှူးကြားသွားလို့ ကြက်ဥ ၊ ငုံးဥအစား မြေပဲဆံ ၂၅ စေ့ပဲ
စားနေရဦးမယ် “
ပန်းသဇင်
( မိတ္ထီလာ )
0 comments:
Post a Comment