Friday, May 30, 2014

" ကဗျာဆိုတာ ဒါပါဘဲ "

" ကဗျာဆိုတာ ဒါပါဘဲ "

လေပြည်ညှင်းလျှင်
ပင်လယ်ပြင်မှာ၊ အသွင်သဏ္ဍာန်
ငြိမ်းချမ်းဟန်နှင့်၊ တေးသံဆိုလျက်
စည်းဝါးဖက်သို့၊ လှိုင်းကြက်ခွပ်လေး တလှုပ်လှုပ် ။

မုန်တိုင်းထန်လျှင်
ပင်လယ်ပြင်သည်၊ မာန်ဝင်ထန်သည်း
လှိုင်းလုံးကြီးတို့၊ စုစည်းထကြွ
တားမရတော့၊ ဒေါသ၀က်ဝက် ကွဲထွက်၏ ။

ကဗျာဆရာ
ဒို့ရင်မှာလျှင်၊ ပင်လယ်ပြင်သို့
အသွင်သဏ္ဍာန်၊ ၀န်းလည်ရံ၍
ရောင်ပြန်ထင်ဟပ်၊ ခေတ်၏ဇာတ်သည်
“ပြတ်ပြတ်သားသား ထင်စမြဲ” ။ ။

မောင်စိမ်းနီ
(တော်လှန်ကဗျာ- စာမျက်နှာ- ၃၆)

0 comments:

Post a Comment