အလှနှင့် တခဏ
ဤ အလှကို
ခဏမျှပင်၊ ရှုမြင်ဖူးအံ့။
တခဏမျှ၊ ထို အလှကို
ဘ၀ ကုန်ရွေ့၊ ဘယ်မှာ မေ့ လိမ့်။
နေရောင်ပန်းနှင့်
လှိုင်း ပန်း အိအိ၊ ခဏထိစဉ်
မြင် မိ ငါ့ မှာ၊ မပြယ် ပါတော့။
ဤ အရာကို
သာမန်မျှပေ၊ ယူဆချေလည်း
အဆွေ ယူဆ နိုင်ပါ၏။
ဘယ်မှာ အလှ၊ ရှာမရ ဟု
ဒေါသ သင့်သူ၊ သင့်လို လူကို
ဘယ်မူ ရှင်းပြ နိုင်ပါအံ့။
ဤ အလှသည်
ခဏ မြင်၍၊ ခဏ ရွေ့၏။
ရွေ့ ပင် ရွေ့ လည်း
မမေ့ နိုင်ချေ၊ အပန်း ပြေစွ
စမ်းရေ တပေါက်၊ ပန်း တလှောက်တည့် -
“အောက်မေ့ ချေချေ
ပြေကြောင်း ဖြေလည်း
ထွေထွေ လွမ်းဆွတ်
မပြေတတ်ခဲ့”
နတ်သျှင် စာလို၊ ငါနုပျိုသည်
အလို . . .တရံခါက၊ အို . . .အလှ။
တင်မိုး
၉၊ ၁ ၊၇၃
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်မှ
Samsung Galaxy Grand Prime SM-G531H Firmware 100 % Test
-
Model : SM-G531H
OS Version : 5.1.1
#Password : 👉 myominthu 👈
လာရောက်အားပေးသည့်အတွက် ကျေးဇူးတင်ပါသ...
0 comments:
Post a Comment