Friday, June 20, 2014

ငါ့ကိုဘယ်သူကန်ချခဲ့တာလဲ……?


ငါ့ကိုဘယ်သူကန်ချခဲ့တာလဲ……?
 
ဘယ်သူတွေကန်ချခဲ့တာလဲကွာ
ဒီတွင်းကြီးထဲ။
မှောင်မှောင်မဲမဲ
တ၀ဲလည်လည်
ငါလှည့်လည်နေရပြီ….။
ကြိုးတွေထပ်ထပ်
ရစ်ပတ်ဖွဲ့နှောင်
ငါလှောင်ကြပ်နေလှပြီ….။
ရေကြည်တစ်ပေါက်
သောက်ဖို့တမ်းတ
ငါပင်ပန်းနေလှပြီ…..။
ဟာကွာ
အာသာငန်းငန်း
မွန်းမွန်းကြပ်ကြပ်
ကြိုးထပ်ထပ်နဲ့
ဘယ်သူကန်ချခဲ့တာလဲကွာ
ဒီတွင်းကြီးထဲ…။
                             အလင်းသစ်(ယောမြေ)

0 comments:

Post a Comment