ကျေးဇူးတင်လွှာ
ဒုတိယအနေဖြင့်
SIOE App လေးကို မိမိတို့၏ဖုန်းတွင် နေရာတစ်နေရာစာလေး ခွင့်ပြုပေးထားသော မိတ်ဆွေများကိုလည်း
လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
ဆိုဒ်လေးနဲ့ပတ်သက်လို့
ဝေဖန်အကြံပြုပေးကြသူများအားလည်း ကျေးဇူးတင်ရှိပါသည်။
“ လူတကာသိပြီးသား
ဟာသတွေ တင်ထားတယ် “
“
post တွေကလည်း နည်းနေသေးတယ် “
“ သူများ
ကဗျာတွေကို ကူးယူဖော်ပြထားတယ် “
စသည်…စသည်ဖြင့်
ဝေဖန်အကြံပြုလာကြပါသည်။ ကျေးဇူးပါဗျာ…။
မိတ်ဆွေများခင်ဗျာ……..
ကျွန်တော်အကောင်းဆုံးဖြစ်အောင်
ကြိုးစားပေးနေပါတယ်။ ကဗျာတစ်ပုဒ်တင်မယ် ဆိုရင်တောင် အဲဒီကဗျာလေးနဲ့ ကိုက်ညီတဲ့ ပုံလေးတွေကို
လိုင်းပေါ်မှာ စိတ်တိုင်းကျပုံ မရမချင်း ရှာပါတယ်။ တစ်ခါတစ်လေလည်း အပြင်မှာ ဓာတ်ပုံလေးတွေရိုက်ပြီးမှ
တင်ပါတယ်။ စာဖတ်သူများ အတွက် ပုံလေးရဲ့ အလှရော ကဗျာလေးရဲ့ ရသပါ ခံစားနိုင်စေဖို့ပါ။
ဆရာ့ ဆရာကြီးတွေရဲ့
ကဗျာလေးတွေရော ကူးယူဖော်ပြ မိပါတယ်။ ဥပမာ - ဆရာကြီး တက ကသိုလ်ဘုန်းနိုင် ရဲ့ ကဗျာလေးကို ကူယူဖော်ပြပေးလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့
ဒီလို ဆရာ ကြီးတွေရဲ့ ရသမြောက်တဲ့ ကဗျာတွေကို ဖတ်ရဖို့ ခက်ခဲလို့ပါ။
နောက်တစ်ခုပြောလိုတာက
SIOE ကျောင်းသားတွေရေးထားတဲ့ ကဗျာ ၊ စာမူလေးတွေ အောက်မှာ ( written by SIOE
Student ) လို့ ဖော်ပြပေးပါမယ်။
နောက်ဆုံးအနေနဲ့
မိတ်ဆွေတို့ကို မေတ္တာရပ်ခံလိုတာက…….ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ်။ အချိန်အတိုင်းအတာ
တစ်ခုလောက်တော့ စောင့်ဆိုင်းပေးကြပါရန်………
တင့်ထွန်းနိုင်
(ခ) မောင်ငြိမ်းချမ်း(မြစ်သာမြေ)
0 comments:
Post a Comment