သစ္စာငှက် နှင့် မေတ္တာလက်
မြစ်သာနံဘေးက
ပစ်ခွာပြေးတဲ့
သစ္စာငှက်ကလေးကို မုန်းတယ်။
ချစ်တာလေးကို
အပြစ်ရှာပြေးတဲ့
သစ္စာငှက်လေးကို မုန်းတယ်။
အလှမ်းကွာဝေးပေမယ့်
အလွမ်းလာပေးတဲ့
သစ္စာငှက်ကလေးကို မုန်းတယ်။
မုန်းတယ် မုန်းတယ်
မုန်းမေ့ဖို့ ရွယ်ပေမယ့်
မုန်းလွယ်ဖို့က အခက်
မုန်းရက်ကပဲ
ချစ်နေတယ်…။
သွန်းသစ်
0 comments:
Post a Comment