ချစ်သူ....
ဒီစာကို
ကြက်သွန်လှီးရင်း မျက်ရည်စက်လက်နဲ့ ကိုယ်ရေးလိုက်ပါတယ်။
ကိုယ်တော့
လွမ်းတတ်နေပြီ။ ကျောင်းမှာ သင်မပေးပဲ တတ်ခဲ့တဲ့ ပညာဆိုလို့
ဒီတစ်ခုပဲ
ရှိတာပါ။ ကိုယ် လည်း ဒီဘာသာမှာ ထူးချွန်လို့ ခုဆို
ဘုန်းကြီးပျံရှိတိုင်း
ကိုယ့်ကို လာခေါ်ကြတယ် သိလား။ မင်း ကိုယ့်အချစ်ကို
လက်ခံလို့ကတော့
ဘုန်းကြီးပျံရှိတိုင်း ထမင်းဝစေရမယ်လို့ ကိုယ်
ကတိပေးပါတယ်။
မင်းက ကိုယ့်ဘဝမှာ သံယောဇဉ်အရှိဆုံးလူလို့ အခုမှ
ပြောနိုင်တာပါ။
ကိုယ့်ဘဝကောင်းစားဖို့အတွက် စကားတစ်ခွန်းလက်ဆောင်
ပါးလိုက်ပါရစေ။
အဲဒါကတော့ ကိုယ် မင်းကို ချစ်တယ်ဆိုတာ ယုံကြည်ပေးပါလို့။
အခုဆို
ကိုယ် ခံစားတတ်နေပြီ။ ခွက်တစ်လုံးနဲ့...။ အရက်တွေသောက်ပြီးလို့
ပြောတာနော်။
မင်းကို ချစ်လွန်းလို့ လမ်းတွေ့ရင်တောင် မခေါ်ချင်ဘူး။
မမြင်ရလေ
ကောင်းလေလို့ တွေးနေမိတဲ့ အထိဆိုပါတော့။ မင်းကို
မှတ်ထားမယ်နော်။
နောက်လူများလာရင် မမှတ်မိမှာစိုးလို့ပါ။ ခုတော့
မင်းဖတ်ဖို့
ချစ်သဝဏ်လွှာကို အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ်
(ပုဆိုးတော့ဝတ်ထားပါတယ်)
ပြီး ရေးလိုက်ပါတယ် ...အခု ကိုယ်ပို.လိုက်တဲ့
စာကလေး
ကိုရရင် အမွေးနူတ်ပြီး ကြော်စားလိုက်ပါနော် မင်းကို
ကိုယ်ချစ်ချင်ပေမဲ.
အုန်းခြစ်ကမရှိဘူးဖြစ်နေတယ်
မင်းနဲ့
ကိုယ်ပေါင်းချင်ပေးမဲ. ကောက်ညှင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ
မင်းကို
ကိုယ်နှစ်သက်ပေမဲ.မင်းက ရေငုတ်ကျွမ်းတော. ဘာမှ
မဖြစ်ဘူးပေါ...ဒါ့ကြောင့်
အစ်ကိုတော့ ရေမရှိချောင်းကို သေချင်သေဆိုပြီး
အောက်ဆီဂျင်ဘူးတပ်ပြီးသာ
ကူးလိုက်ချင်တော့တယ်။
ကိုယ်
တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုလောက်ဆို ခြောက်ရောပေါ.
မင်းအချစ်ကိုသာမရရင်
ကိုယ်လေမထူးတော.တဲ. ဘ၀မှာ မြောင်းတူးပြီး
ပြောင်းဖူးပဲ
စိုက်စားတော့မယ်ကွာ ကိုယ်ဒီလို အရဲစွန့်ပြီး စာရေး တာကို
စိတ်မဆိုးပါနဲ.နော်
ငပိစားပြီး
အသိတရား မရှိဘူးလို. တော. မပြောလိုက်ပါနဲ.ကွာ
ဂေါ်ဖီ
တွေစားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး
ရုပ်တည်နဲ.
မုန့်တီထိုင်သောက်နေတယ် လဲ မထင်လိုက်ပါနဲ.
အရှက်မရှိ
သရက်စေ့လဲ မဟုတ်ဘူးနော်
ကိုယ်ဟာ
ရုပ်ကလာပ်
က စုတ်ပြတ်
ရူပါက
ချူချာ
သောက်ရုပ်က
မျောက်ကုတ်
ပုံစံက
ဒုံးပျံ နေပေမဲ့
အသည်းနှလုံးကတော.
သိတ်ချစ်တတ်ပါတယ်
ကိုယ်ရဲ.စာ
ကို မင်းမိဘ တွေ တွေ့သွားလို့ တော်တော်ဆူနေလား ?
ဆူရင်
မီးဖို ပေါ်ကချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်
မင်း
ဆီ က ပြန်လာမဲ. စာကလေးတွေကို
ကိုယ်
လေသေနတ်နဲ. အသင့်ဆောင့်နေမယ် အဲ.လေ မှားလို. အသင့်စောင့်နေမယ်နော်။
ချစ်တဲ.
ကိုယ်
0 comments:
Post a Comment