သူပုန်ရှိတယ်
တစ်ခါက
စစ်သားများ ရခိုင်ရွာထဲသို့ဝင်ကာ သူပုန်အခြေအနေ စုံစမ်းရန် သူကြီးအိမ်သို့ မေးမြန်းလာခဲ့ကြရာ
ဗိုလ်ကြီးက သူကြီးကို တိုးတိုးလေး မေးလိုက်၏။
“ မင်းတို့ရွာမှာ
သူပုန်ရှိလား “
“ ဟာ….ရှိတယ်
ဗိုလ်ကြီး ။ ကျွန်တော့်အိမ်ထဲမှာတောင် ရှိတယ် “
သူကြီးက
အေးအေးဆေးဆေးပင် အိမ်ထဲဝင်၍ ပစ္စည်းတစ်ခု ယူလာ၏။ ဗိုလ်ကြီးက ကြည့်လိုက်သောအခါ ဆပ်ပြာဖြစ်နေလေသည်။
“ ရော့
ဗိုလ်ကြီး… ဒီမှာ သူပုန်တွေ “
“ ဒီဟာသူပုန်..လွဲပါပြီ
“
မှတ်ချင် ။ ။ ရခိုင်ဘာသာစကားဖြင့်
ဆပ်ပြာကို သူပုန်ဟုခေါ်သည်။
ပန်းသဇင်
( မိတ္ထီလာ )
( Written by SIOE Student )
0 comments:
Post a Comment