Friday, June 20, 2014

ရွှေမြစ်သာ


ရွှေမြစ်သာ


ရွာကိုကွေ့ပတ် ၊ တောထပ်ထပ်မှ
ဖြတ်ကျော်စီးလာ ၊ ရွှေမြစ်သာမှာ
မြန်မာပြည်ဝယ် ၊ ထူးခြားဖွယ်ပင်
မြစ်ငယ်တစ်ခု ဖြစ်လေသည်။
မြောက်- တောင်စီးကြ ၊ ဤဒေသတွင်
ထူလှစွာပင် ၊ မြစ်ရေလျဉ်က
ဆန့်ကျင်စီးဆင်းနေပေသည်။
မြစ်သာကြောင့်ပင် ၊ ရွာဝန်းကျင်က

တင့်တယ်လှပ ၊ ကောင်းကျိုးရ၍
အများအကျိုး ၊ဆောင်သယ်ပိုးသည့်
ရွာရိုးဘေးက မြစ်ကလေး။
မြစ်တွင်းမှာပျော် ၊ ငွေစင်ရော်တို့
ပျော်မြူးပျံသန်း ၊ အံ့မခန်းနှင့်
တင့်ဆန်းသာယာ ၊ မွေးရပ်ရွာကို
ဝေးမှာနေရ ၊ ကျင်လည်ရလည်း
တမ်းတရင်မှာ ၊ အခါခါလျှင်
မှန်းကာဆလျက် လွမ်းမိ၏။
                             လင်းရောင်ခြည်(ကလေး)
မင်္ဂလာမောင်မယ်စာစောင်

0 comments:

Post a Comment