This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, June 27, 2014
Why Worry …..? ဘာပူစရာရှိလဲ
Why Worry …..?
ဘာပူစရာရှိလဲ
There are only two things to worry about;
လောကမှာ တွေးပူစရာ နှစ်ခုပဲ ရှိတယ်။
Either you are well or you are sick.
ကျန်းမာတာနဲ့ မကျန်းမာတာသာ ဖြစ်တယ်။
If you are well, than there is nothing to worry about.
ကျန်းမာနေရင် ဘာမှ ပူစရာ မရှိတော့ဘူး။
But if you are sick , there are two things to worry about;
ဒါပေမယ့် မကျန်းမာရင်တော့ ပူစရာနှစ်ခုရှိတယ်။
Either you get well , or you will die.
နေပြန်ကောင်းရင်ကောင်း ၊ မကောင်းရင် သေသွားနိုင်တယ်။
If you well , there is nothing to worry about.
နေကောင်းသွားရင်လည်း ဘာမှပူစရာ မရှိတော့ဘူး။
If you die , there are only two things to worry about;
သေသွားရင်လည်း ပူစရာနှ်းခုပဲ ရှိတယ်။
Either you will go to Heaven or Hell.
ကောင်းကင်ဘုံ ရောက်ရင်ရောက် ၊ မရောက်ရင် ငရဲပေါ့။
If you go to Heaven , there is nothing to worry about;
ကောင်းကင်ဘုံ ရောက်သွားရင်တော့ ဘာမှပူစရာ မရှိဘူး။
But if you go to Hell , you will be so damn busy shaking hands
With friends , you don’t have time to worry.
ဒါပေမယ့် ငရဲကို ရောက်သွားရင်လည်း
မိတ်ဟောင်း ဆွေဟောင်းတွေကို လက်ဆွဲနှုတ်ဆက်ပြီး
အလုပ်တွေ ရှုပ်နေရတာနဲ့
ပူနေဖို့ အချိန် ရှိမှာ မဟုတ်တော့ပါဘူး။
                   Anonymous
          ဆရာကြီး လူထုစိန်ဝင်းရဲ့ စာအုပ်လေးထဲက ကျွန်တော် အလွန် သဘောကျတဲ့ ကဗျာလေးကို share ပေးလိုက်ပါတယ် ။ ရသစာပေကို ခံစားနိုင်ကြပါစေ……
ကျေးဇူးတင်လွှာ
ကျေးဇူးတင်လွှာ
          ရှေးဦးစွာ SIOE App လေးတွင် စာမူများ ရေးသားချီးမြှင့်ပေးကြပါသော စာမူရှင်များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ နောက်နောင်လည်း စာမူများ ဆက်လက် ရေးသားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
          ဒုတိယအနေဖြင့် SIOE App လေးကို မိမိတို့၏ဖုန်းတွင် နေရာတစ်နေရာစာလေး ခွင့်ပြုပေးထားသော မိတ်ဆွေများကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
          ဆိုဒ်လေးနဲ့ပတ်သက်လို့ ဝေဖန်အကြံပြုပေးကြသူများအားလည်း ကျေးဇူးတင်ရှိပါသည်။
          “ လူတကာသိပြီးသား ဟာသတွေ တင်ထားတယ် “
          “ post တွေကလည်း နည်းနေသေးတယ် “
          “ သူများ ကဗျာတွေကို ကူးယူဖော်ပြထားတယ် “
          စသည်…စသည်ဖြင့် ဝေဖန်အကြံပြုလာကြပါသည်။ ကျေးဇူးပါဗျာ…။
          မိတ်ဆွေများခင်ဗျာ……..
                   ကျွန်တော်အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။ ကဗျာတစ်ပုဒ်တင်မယ် ဆိုရင်တောင် အဲဒီကဗျာလေးနဲ့ ကိုက်ညီတဲ့ ပုံလေးတွေကို လိုင်းပေါ်မှာ စိတ်တိုင်းကျပုံ မရမချင်း ရှာပါတယ်။ တစ်ခါတစ်လေလည်း အပြင်မှာ ဓာတ်ပုံလေးတွေရိုက်ပြီးမှ တင်ပါတယ်။ စာဖတ်သူများ အတွက် ပုံလေးရဲ့ အလှရော ကဗျာလေးရဲ့ ရသပါ ခံစားနိုင်စေဖို့ပါ။
          ဆရာ့ ဆရာကြီးတွေရဲ့ ကဗျာလေးတွေရော ကူးယူဖော်ပြ မိပါတယ်။ ဥပမာ - ဆရာကြီး တက ကသိုလ်ဘုန်းနိုင် ရဲ့ ကဗျာလေးကို ကူယူဖော်ပြပေးလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလို ဆရာ ကြီးတွေရဲ့ ရသမြောက်တဲ့ ကဗျာတွေကို ဖတ်ရဖို့ ခက်ခဲလို့ပါ။
          နောက်တစ်ခုပြောလိုတာက SIOE ကျောင်းသားတွေရေးထားတဲ့ ကဗျာ ၊ စာမူလေးတွေ အောက်မှာ ( written by SIOE Student ) လို့ ဖော်ပြပေးပါမယ်။
          နောက်ဆုံးအနေနဲ့ မိတ်ဆွေတို့ကို မေတ္တာရပ်ခံလိုတာက…….ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ်။ အချိန်အတိုင်းအတာ တစ်ခုလောက်တော့ စောင့်ဆိုင်းပေးကြပါရန်………
                                                တင့်ထွန်းနိုင် (ခ) မောင်ငြိမ်းချမ်း(မြစ်သာမြေ)
သူပုန်ရှိတယ်
သူပုန်ရှိတယ်
          တစ်ခါက စစ်သားများ ရခိုင်ရွာထဲသို့ဝင်ကာ သူပုန်အခြေအနေ စုံစမ်းရန် သူကြီးအိမ်သို့ မေးမြန်းလာခဲ့ကြရာ ဗိုလ်ကြီးက သူကြီးကို တိုးတိုးလေး မေးလိုက်၏။
          “ မင်းတို့ရွာမှာ သူပုန်ရှိလား “
          “ ဟာ….ရှိတယ် ဗိုလ်ကြီး ။ ကျွန်တော့်အိမ်ထဲမှာတောင် ရှိတယ် “
          သူကြီးက အေးအေးဆေးဆေးပင် အိမ်ထဲဝင်၍ ပစ္စည်းတစ်ခု ယူလာ၏။ ဗိုလ်ကြီးက ကြည့်လိုက်သောအခါ ဆပ်ပြာဖြစ်နေလေသည်။
          “ ရော့ ဗိုလ်ကြီး… ဒီမှာ သူပုန်တွေ “
          “ ဒီဟာသူပုန်..လွဲပါပြီ “
မှတ်ချင် ။  ။ ရခိုင်ဘာသာစကားဖြင့် ဆပ်ပြာကို သူပုန်ဟုခေါ်သည်။
                                                ပန်းသဇင် ( မိတ္ထီလာ )
( Written by SIOE Student )
စိုး
စိုး
အရောင်တွေမစွန်းထင်း
အပြစ်ကင်းတဲ့
မင်းအကြည့်လေးတွေကြောင့်
ချစ်မိတဲ့ ကိုယ့်မှာ
လိပ်ပြာမလုံဘူး ညီမလေး
သံယောဇဉ်တရား
နှောင်တွယ်ထားလက်စ
ဖြူစင်ရိုးသားမင်းစကားလေးတွေက
ဖွင့်ပြောမယ့် ကိုယ့်ချစ်ခြင်းတွေအတွက်
စကားလုံးတွေ ဆွံ့အစေခဲ့တယ်
နာကျင်မှုကို ရင်မှာမျိုသိပ်
စိတ်ကစားခဲ့တာရယ်လို့
နှလုံးသားကို လိမ်ညာထား
ငါမင်းကို မေ့ဖို့ကြိုးစားရတော့မှာပေါ့…….
( Written by SIOE Student )
စက္ကူငှက်
တေးသံချိုလွင်
သီဆိုချင်လည်း
ဘ၀င်သာပမ်း
ညှိုးလျော်နွမ်းသည်
ရော်ရမ်းစိတ်က ငှက်မပီ ။ 
ထက်မိုးကောင်းကင်
ပျံသန်းချင်လည်း
လေတွင်ဝှေ့ရမ်း
အမြင်ဆန်းသည်
တန်းလန်းကြိုးက တွဲလဲချည် ။ 
                                      သေက္ခ
( Written by SIOE Student )