ခေါင်းဆောင်မှု
နိုင်ငံရေးလုပ်ကြတဲ့နေရာမယ်
အထူးသဖြင့် ခေါင်းဆောင်လုပ်တဲ့လူဟာ နောက်လိုက်လူတွေထက် ပိုပြီး အမြင်ကျယ်ရမယ်။ ခေါင်းဆောင်ဟာ
ဟိုလူ ပြောတာဟုတ်နိုးနိုး၊ ဒီလူပြောတာ ဟုတ်နိုးနိုး ယောင်ချာချာလုပ်ရင် ခေါင်းဆောင်မဟုတ်ဘူး။
ခေါင်းဆောင်လုပါတဲ့လူတွေဟာ
ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်။ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တဲ့နေရာမယ်
စွန့်ရဲရမယ်။ ပရိယာယ်သုံးတဲ့နေရာမယ် သုံးရမယ်။ အချိန်အခါလိုက်ပြီး လုပ်ရမယ်။
အများယောင်လို့
ယောင်ရတယ်၊ အမောင် တောင်မှန်း မြောက်မှန်းမသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို
မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူတွေကို မယုံဘူး။ ကိုယ့် တိုင်းသူပြညသား ကိုလည်း မယုံဘူး။
ကျုပ်က
မေတ္တာနှင့်သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်။ တကယ်လို့ ကောင်းတယ်မှန်တယ် ထင်လို့ရှိရင်
အသက်စွန့်ရဲတယ်။ ( လူတွေဟာ မသိရင်ကြောက်တယ် ) ။ ( ရဲသော်မသေ၊ သေသော်ငရဲမလား) လို့ ယောအတွင်းဝန်
ဦးဘိုးလှိုင်က ပြောဖူးတယ်။ ရဲရဲရင့်ရင့် သစ္စာသမာဓိနှင့် လုပ်လျှင် အောင်မြင်မှာပဲ။
ကိုယ့်တပ်လုံလျှင် တခြားကလာမတိုက်နိုင်ဘူး။
မင်းသားကြီးမလုပ်ရလျှင်
မနေနိုင်သော ထိုခေါင်းဆောင်တစ်စုသည် ပတ်မကြီးကို ထိုးဖောက်လျက်ရှိကြသည်။ ၄င်းတို့အတွက်မှာမူ
၎င်းတို့ခေါင်းဆောင် ဖြစ်မှုသာလျှင် အဓိကဖြစ်သည်။ လူထုလွတ်လပ်ရေးမှာ သူတို့ခေါင်းဆောင်
ဖြစ်မှုလောက် အရေးမကြီးပေ။ ထို့ကြောင့်လည်း သူတို့ခေါင်းဆောင်မဖြစ်ရသည့်အခါများတွင်
ဗမာ့လွတ်လပ်ရေးလမ်းစဉ်ကို မည်သို့ပင်ထိခိုက်စေကာမူ ဂရုမစိုက်ဘဲ ထိုမင်းသားကြီးမလုပ်ရသူများသည်
ပတ်မကြီးကို ထိုးဖောက်ရန် လုံ့လပြုကြသည်ကို တိုင်းပြည်လူထု၏ မျက်မြင်ပင်မဟုတ်ပါလော။
ဗိုလ်ချုပ်အောင်ဆန်း
0 comments:
Post a Comment