Saturday, July 12, 2014

အထူးပန်ကြားလွှာ



အထူးပန်ကြားလွှာ
 
          SIOE Magazine လေးကို အားပေးကြသော မိတ်ဆွေများ ခင်ဗျာ
          ၂၀၁၄ ဇူလိုင်လ ( ၁၉ ) ရက်နေ့ ၊ ( ၆၇ ) ကြိမ်မြောက် အာဇာနည်နေ့ အထူးအစီအစဉ်အဖြစ် ကျွန်တော့်၏  SIOE Magazine လေးတွင်အာဇာနည်နေ့နဲ့ပတ်သက်သော ကဗျာများ ၊ ဆောင်းပါးများ ၊ ကာတွန်းများ ကို post တင်လိုပါသည်။ ၀ါသနာရှင်မိတ်ဆွေများထံမှ စာမူများကို စောင့်မျှော်နေပါသည်။
          အာဇာနည်နေ့နဲ့ပတ်သက်သော အထူးအစီအစဉ်လေး ဖြစ်သဖြင့် အခြားစာမူလေးများ ချီးမြှင့်ပေးထားကြသော စာမူရှင်များ၏ စာများကို ဒီရက်သတ္တပတ်တွင် မထုတ်လွှင့်ပေးနိုင်တော့ခြင်း အားနားလည်ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ် မေတ္တာရပါခံအပ်ပါသည်။
          နောက်ပြောကြားလိုတာကတော့ ဇူလိုင်လ ( ၁၉ ) ရက် အာဇာနည်များကျဆုံးသွားသော နောက်တစ်နေ့ ဇူလိုင်လ ( ၂၀ ) ရက်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ အလှူဒါန ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ စစ်ကိုင်း မျက်မမြင်ကျောင်းတွင် အာဟာရဒါန နေ့လည်စာကျွေးမည်ဖြစ်ပါသည်။ နေ့လည်စာကျွေမွေးပြီးလျှင် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် မျက်မမြင်တီးဝိုင်မှ ဧည့်ခံဖျော်ဖြေပါမည်။ မိမိကိုယ်တိုင်လည်း ပါဝင်သီဆိုနိုင်ပါသည်။ ထို့ကြောင့် အဆို ၀ါသနာရှင်များအနေဖြင့် ပါဝင်သီဆိုလိုလျှင် ဆက်သွယ်စေလိုပါသည်။ အထူးဧည့်သည်အနေဖြင့် ဖိတ်ကြားပါမည်။
          မိမိတတ်နိုင်သလောက် အလှူငွေများလည်း ထည့်ဝင်လှူဒါန်းနိုင်ကြပါသည်။
          ဆက်သွယ်လိုလျှင်
          SIOE Magazine
Facebook – Thint Tunnaing
Twitter – lwinwai2007
Viber – 09 400 511 851


0 comments:

Post a Comment