တော်လှန်ရေး
တော်လှန်ရေးဆိုတာ အဓိပ္ပါယ်ဘာလဲ၊။ များသောအားဖြင့် ယူဆနေကြတာက၊
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ တော်လှန်ရေးလို့ ယူဆနေကြတယ်။ ဒါဟာ လုံးဝမမှန်ဘူး။
တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့ တော်လှန်ရေး၊ သွေးထွက်သံယို မရှိတဲ့တော်လှန်ရေးရယ်လို့
နှစ်မျိုးရှိတယ်။
တော်လှန်ရေးလမ်းစဉ်ကို ထိထိရာက်ရောက် မလုပ်တတ်ဘဲ၊ တော်လှန်ရေးစကားကို
များများပြောပြီး၊ ဗမာချင်းဆန်လုတာ၊ လယ်သီးစားမပေးနဲ့ ဆိုတဲ့ကိစ္စတွေကို ကွန်မြူနစ်အချောင်သမားတွေလုပ်နေတာ။
တော်လှန်ရေးလုပ်ငန်းထင်ပြီး လုပ်နေတယ်။
သူတို့တစ်တွေဟာ ကိုယ့်ဗမာအချင်းချင်း သတ်ဖြတ်လုယက်၊ သူပုန်ထ၊ မီးနဲ့ရှို့
ဒီလိုလုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား၊ နယ်ချဲ့ သမား အကြိုက် ကို လုပ်နေတာပဲ။
ဗိုလ်ချုပ်အောင်ဆန်း






0 comments:
Post a Comment