မိုက်လို့တောင်းတယ်ဆရာ
တစ်ခါက
ရန်ကုန်သားတစ်ယောက်သည် လေယာဉ်ဖြင့် မြိတ်မြို့ ( ဗိတ် ) သို့ ကိစ္စတစ်ခုဖြင့် သွား၏။
မြိတ်မြို့သို့လေယာဉ်ဆိုက်သောအခါ ဒေသန္တရ ဗဟုသုတအနေဖြင့် လေ့လာနေသေးသဖြင့် မြို့ထဲသို့
ထွက်ခွာချိန်မှာ အနည်းငယ် နောက်ကျသွားလေသည်။
ဆိုင်ကယ်
ကယ်ရီငှားကာ မိမိတည်းခိုရမည့်အိမ်ကို လိုက်ရှာ၏။ တော်တော်နင့် မတွေ့ပေ။ ည ၈ နာရီလောက်မှတွေ့လေ၏။
ဆိုင်ကယ် ကယ်ရီခ ရှင်းမည်လုပ်သော အခါတွင် ပေးရမည့်ငွေမှာ တော်တော်လေးများနေ၏။
“ ဒီခရီးလောက်အတွက်နဲ့
ဒီလောက်ကြီး မတောင်းသင့်ပါဘူး မိတ်ဆွေ “ ဟု ခရီးသည်က ဆို၏။
ထိုအခါ
ဆိုင်ကယ် ကယ်ရီဆရာပြောလိုက်ပုံမှာ “ မိုက်လို့တောင်းတယ်ဆရာ “ ဟူသတည်း။ ခရီးသည်မှာ ကယ်ရီဆရာ၏
ပြောစကားကြောင့်ဒေါပွကာ ရန်ဖြစ်လေ၏။ ထိုစဉ် အိမ်ထဲမှ အိမ်ရှင် ထွက်လာတော့မှသာလျှင်
အဆင်ပြေသွားလေတော့၏။
အကြောင်းမှာ
မြိတ်(ဗိတ်) ဒေသတွင် “ မိုက်သည် “ ဆိုသည်ကို “ မှောင်သည်၊ ညဥ့်နက်သည် “ ဟု ခ်ါဆိုလိုကြသည်
ဟူသတည်း ။ ။
လရိပ်(
မိတ္ထီလာ )
( Written by SIOE Student )
0 comments:
Post a Comment