အနှိုင်မဲ့ရင်ခွင်
စမ်းရေတိုင်း မအေးသလို
ပန်းတွေတိုင်းလည်း မမွှေးကြပါ ။
နွမ်းခွေတိုင်း အလွမ်းမပြေသလို
ကမ်းခြေတိုင်းလည်း အပမ်းမပြေကြပါ ။
နွေအခါတိုင်း အဆွေးကြသလို
လေလာတိုင်းလည်း မအေးမြပါ။
ဝေဒနာတိုင်း မတူသလို
စေတနာတိုင်းလည်း မဖြူကြပါ။
ပန်းကြွေတိုင်း မကောက်ဖူးသလို
လမ်းတွေတိုင်းလည်း မဖြောင့်ဖြူးပါ ။
ရတက်ပွေတိုင်း ရွှေရင်မပျော်သလို
ငှက်တွေတိုင်းလည်း ဝေဟင်မပျော်ကြပါ။
ခင်မင်တိုင်း အဆွေစစ်မဟုတ်သလို
ရင်ခွင်တိုင်းလည်း အိုအေစစ် မဟုတ်ကြပါ ။
အမေ့ရင်ခွင် ခိုကာဝင်ပုန်း
ပီတိနှုန်းကြောင့် ဖြစ်ထုံးဟဒယ
ပြုံးရသလို လောကတစ်ခွင်
ဘယ်ရင်ခွင်များ တုယှဉ်အားပြိုင်
မှီနိုင်အံ့တော့နည်း ။ ။
( Written by SIOE Student )
0 comments:
Post a Comment