ဒီမိုကရေစီအစစ်ကတော့
ဗမာပြည်လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိကလိုလားပြီး
တိုင်းပြည်တည်ထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်ရမှဖြစ်နိုင်တယ်။ ဒီမိုကရေစီ အရင်ခံပဲ။
ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာ်ထွက်သွားတာပဲ။ ဘယ်ဟာမှ
ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့
ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာဖြစ်တယ်။ ဒီတော့ ဒီမိုကရစီဆိုတာ
ဘယ်လိုအင်္ဂါမျိုးနဲ့ ညီညွတ်ရမလဲ။ ချက်ချင်းဖြစ်မလား။ ဘယ်လောက်ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲဆိုတာတွေကို
အခုကျုပ်တို့တိုင်းပြည် တည်ဆောက်ရမယ့်အခါ အထူးစဉ်းစားရမယ့် အချက်တွေပဲ။ နိုင်ငံရေးဟာ
စီးပွားရေးအခြေခံပေါ်မှာတည်တယ်။ နိုင်ငံရေးဖွဲ့စည်းအုပ်ချုပ်ပုံ၊ အခြေခံဥပဒေတွေကလည်း
စီးပွားရေးသဘောတရားတွေနှင့် ကင်းလို့မဖြစ်နိုင်ဘူး။ အရင်းရှင် ဒီမိုကရေစီသမားသက်သက်
မျက်စိနဲ့ကြည့်ပြောရင်တော့ ဒါမမှန်ဘူးလို့ပြောရမှာပဲ။ ဒါပေမယ့် ကမ္ဘာအရပ်ရပ်မှာရှိတဲ့
နိုင်ငံအသီးသီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို အတွင်းကျကျ လေ့လာရင် စီးပွားရေးသဘောတရားတွေမူတည်ပြီး
လုပ်ကြတယ်ဆိုတာ တွေ့ရလိမ့်မယ်။ အရင်းရှင် ဒီမိုကရေစီသမားတွေအဖို့ဆိုရင် အရင်းရှင်စနစ်သာလျှင်
စီးပွားရေးစနစ်မှန်ဖြစ်တယ်။ ဒီစနစ်သာလျှင်တည်တံရမယ်။ အဲဒီစနစ်ဟာ အမြဲတမ်းတည်တံ့သလိုလိုယူဆပြီး
အလုပ်လုပ်ကြတယ်။ အမှန်တော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှ အမြဲတည်တံ့တာမရှိဘူး။ သူ့အချိန်
သူ့အခြေအနေအလိုက် ဖြစ်လာကြတာပဲ။ ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စနစ်ထက်တောင်
အောက်ကျနောက်ကျဖြစ်နေတဲ့ ကျွန်ဘ၀ကလှမ်းတက်ရမယ်ဆိုတော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီ အရင်းရှင်စနစ်ကို
ကျော်မသွားနိုင်ပေမဲ့ အဲဒီစနစ်တင်သာမလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံးကျော်သွားနိုင်မယ့်
စီးပွားရေး သဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်တံ့မှသာလျှင် တကယ့်ဒီမိုကရေစီနိုင်ငံကို
ရောက်အောင်သွားနိုင်လိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
( ၁၉၄၇၊ မေ ၁၉ ရက် ၊ ဂျူဗလီဟောပဏာမ ညီလာခံ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ-----)
0 comments:
Post a Comment