တိုင်းပြည်မှာ
ညီညွတ်ရးဟာ အဓိကလုပ်ငန်းပဲ၊ ညီညွတ်ရးဆိုပေမယ့် တိုင်းပြည်လွတ်လပ်ရေးနဲ့ ထူထောင်ရေးကို
အထက်ပါအခြေခံ အချက်တွေအရ ဆောင်ရွက်မယ့် ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်။ ရာထူးဝေစားရုံသာဖြစ်တဲ့
ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲချိန်ပြီး ငြမ်းဆင်တတ်ရုံလောက်တတ်နိုင်အောင် ညီညွတ်ရေးမျိုးဆိုရင်တော့
ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး။
တစ်တိုင်းပြည်လုံး
ကြီးပွားစေချင်ရင်၊ လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပါနိုင်မှ
အကျိုးခံစားခွင့်ရှိကြမှာပဲ၊ ဗမာက တစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က
တစ်ခြားအကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်မှသာ အကျိုးရှိနိုင်မယ်။
စစ်ကြီးအတွင်းက
ကျွန်တော်ဝန်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသား တပ်ရင်းဖွဲ့တဲ့အခါ ထမင်းစားပွဲတစ်ခုမှာ
ကရင်စစ်သားတစ်ဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့ အကြောင်းပြောတဲ့အထဲမှာ ( ဗမာကဖဲရိုက်၊
ကရင်က ငါးမျှား ) ဆိုတာလို အတူတူပါပဲလို့ ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာကို
ကိုးကွယ်နေထိုင်ကြပြီး တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးမှာ ညီညီညွတ်ညွတ် လုပ်ကြရင်
ဒါဟာတစ်မျိုးတည်းလို့ ယူဆကြရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
0 comments:
Post a Comment