အမေ
၁၉၈၈ တဲ့
စစ်မီးတောက်တွေရဲ့ ၀ါးမျိုမှုကြောင့်
အစားတစ်လုပ်အတွက်
တအားအလုပ်ရှုတ်တဲ့အချိန်ပေါ့
ဝမ်းကတကြုပ်ကြုပ်
အူကတလှုပ်လှုပ်နဲ့
ဗန်းတချပ်ကိုခေါင်းပေါ်ရွက်ပြီး
သူ့ရင်ထဲကကျွန်တော့်အတွက်
တစ်အိမ်ဆင်းတစ်အိမ်တက်
ဈေးရောင်းထွက်ခဲ့ရှာတယ် ။ ။
ရလာတဲ့ငွေလေး
အသက်လေးကျန်ရင်ပြီးရော
အငတ်ဘေးခံပြီး
သားလေးအတွက်စုခဲ့တာ
မှတ်မိနေသေးတယ် ။
။
၈ လပိုင်း ၈ ရက်နေ့
သေမင်းတံခါးဝမှာ
ကျွန်တော့်အတွက်
သတ္တိအရှိဆုံးသူရဲကောင်းကြီးပေါ့ ။ ။
အူဝဲဆိုတဲ့အသံကြားတော့
ပူကနဲဖြစ်တဲ့ရင်ထဲကနှလုံးသားကြောင့်
စုခဲလာတဲ့မေတ္တာရေကြည်တွေနဲ့
တယုတယလေးတိုက်ကျွေးခဲ့တာ
သြော်-----မေမေ
ကျွန်တော့်အတွက်တော့
နှိုင်းစရာမရှိတဲ့
မေတ္တာသူရဲကောင်းကြီးပေါ့ ။ ။
ပေါက္ကံသား
( ညောင်ဦးမြို့နယ်
၊ သူကောင်းတည်ရွာ တွင် တာဝန်ကျနေသော ( စစ်ကိုင်းပညာရေးတက္ကသိုလ်
ကျောင်းသားဟောင်း ) ဆရာတစ်ယောက်၏ ကဗျားလေးဖြစ်ပါသည်။ )
0 comments:
Post a Comment