စောင့်မျှော်နေသူ
တမာတွေဖူးရင်ဖြင့်
ချစ်ဦးသူကိုလွမ်းဆွတ်တမ်းတ
သတိရမိတယ် ။
တရိပ်ရိပ်နဲ့
လွမ်းတဲ့စိတ်ကဖြေမနိုင်
ခွေယိုင်လဲတော့မယ် ။
ဟိုးတုန်းကဆို
ကိုယ်ရယ်မောင်ရယ်
နောက်ပြောင်ကျီစား
တမာပင်နားမှာ
နင်ပြောတဲ့စကားလေးတွေ
ကြားယောင်နေမိသေးတယ် ။
တမာတွေ
သကာလိုချိုမှ
မောင့်ကိုမေ့ပါမယ်တဲ့လေ ။
ိမြတ်နိုးရသူရေ……..
တမ်းတမျှော်မှန်း
မေအလာလမ်းကို
တမာတန်းကပဲ
လွမ်းရင်းစောင့်နေဆဲပါ ။ ။
မောင်ရန်နိုင်
( ကလေး )
( Written by SIOE Student )
0 comments:
Post a Comment