လေးစားအပ်ပါသော စာမူရှင်များနှင့် စာဖတ်သူများသို့…………
SIOE Magazine လေးမွေးဖွားခဲ့သည်မှာ ယခုဆိုလျှင် ( ၄ )လ ပြည့်ပါပြီ
။ စတင်သက်ဝင်လှုပ်ရှားခဲ့သည်ကတော့ ( ၃ ) လသာ ရှိပါသေးသည် ။ ( ၃ ) လတာ ကာလအတောအတွင်းတွင်
ရည်ရွယ်ထားသည်များလည်းဖြစ်ခဲ့၏။ မရည်ရွယ်ထားသည်များလည်း ဖြစ်ခဲ့၏ ။လောကဓမ္မတာပင်မဟုတ်ပါလော
။
မွေးဖွားလာပုံ
တစ်နေ့ကျောင်းတော်ကြီးပိတ်၍ အိမ်မှာရှိနေစဉ် ကျွန်တော်သည် လိုင်းပေါ်တွင်
စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့်ပတ်သက်သော အကြောင်းအရာလေးများ ရှာကြည့်မိ၏။ သတင်းလေးနှစ်ပုဒ်သာ
ကျလာပါသည်။ အကြောင်းအရာကလည်း များများစားစား မဟုတ်ပေ ။ အလွမ်းပြေ ကျောင်းပုံရိပ်လေး
တောင်မတွေ့ရပါ ။ ( မည်သူ့ကိုမျှ ပုတ်ခတ်ပြေလို၍ မဟုတ်ရပါ ။ ယခင်အင်တာနက်လိုင်း သိပ်မသုံးခင်က
အခြေအနေကို ဖော်ပြခြင်းဖြစ်ပါသည်။ )
ဤသို့ဖြင့် အတွေးတစ်ခုပေါ်လာခဲ့သည်။ ကဗျာစာအုပ်ထုတ်ဝေလျှင်တောင်မှ
ဖတ်ချင်မှ ဖတ်ကြမည် ။ Software လေးလုပ်ပြီး ဖုန်းလေးတွေကို ဖြန့်ပေးလျှင် အနည်းနှင့်အများတော့
ထိရောက်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် SIOE Magazine Software လေး ကိုဖန်တီးဖြစ်ခဲ့ပါသည်
။
ရည်မှန်းချက် ( ၂ ) ရပ်
Software လေးလုပ်ထားသဖြင့် ကဗျာစာအုပ်ကဲ့သို့ ၀ယ်စရာမလိုတော့ပေ။
တကူးတက ဖတ်စရာလည်းမလိုတော့ပေ။ လိုင်းပေါ်တွင် Facebook , Viber သုံးရင်းဖြင့်
Software လေးတွင် အလိုလို Post လေးများကျလာပေလိမ့်မည်။ ဤသည်ကို ယောင်မှား၍
Sofrware လေးကို လက်ကလေးဖြင့် ထိရုံဖြင့် ကဗျာလေးများဖတ်လို့ရမည်ဖြစ်သဖြင့် ကျွန်တော့်ဆိုဒ်လေးကို
အားပေးကြလိမ့်မည်ဟု ရည်မှန်းထားခဲ့မိပါသည် ။ မျှော်လင့်ထားခဲ့မိသည်။
ကျွန်တော့်အထင်နှင့်အမြင် လွဲခဲ့သည်ဟု ဆိုရပေမည်။ ကျောင်းတော်ကြီးအတွင်းက
ကျောင်းသားများထံမှ ရရှိသောစိတ်ဓာတ်ခွန်အားဖြင့် SIOE Magazine လေးကို အသက်ဆက်မည် ဟု
ရည်မှန်းခဲ့ခြင်းဖြစ်သည်။ အခုတော့ Magazine လေး ရှင်သန်နေပါသေးသည်။ တစ်နည်းပြောရလျှင်
အသက်ဆက်နေပါသေးသည် ။
နောက်ရည်မှန်းချက်တစ်ခုကား တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော ပညာရေးတက္ကသိုလ်
ကျောင်းသားဟောင်းများအနေဖြင့် ကျောင်းတော်ကြီးကို လွမ်းဆွတ်၍ လိုင်းပေါ်တွင်ရှာခဲ့လျှင် ကျွန်တော်တင်ထားသော စာလေးများမြင်ရလျှင် အနည်းငယ်
အလွမ်းပြေကြလိမ့်မည်ဟု ရည်မှန်းထားခဲ့သည်။
ကျွန်တော်တွေးထင်သကဲ့သို့ အနည်းငယ် ရှိခဲ့ပါသည်။ အစ်ကိုတစ်ယောက်
လိုင်းပေါ်မှ ကဗျာလေးများ ပေးပို့လာပါသည်။ အစ်မအချို့ က အားပေးနေကြောင်း ၊ ဆက်လက်ကြိုးစားစေလို
ကြောင်း လိုင်းပေါ်မှ အားပေးလာကြပါသည်။
ကျေးဇူးပါဗျာ…….။ ကျွန်တော့်ဆိုဒ်လေးကို စာမူများပေးပို့ကြသော
စာမူရှင်များ ၊ software လေးကို မိမိတို့ ဖုန်းတွင် နေရာလေးတစ်နေရာစာ ပေးထားကြသော သူများ
၊ လိုင်းပေါ်တွင် တစ်ခါတစ်ခေါက် မျက်စိလည် လမ်းမှား၍ အလည်ရာက်ကြသူများ စသည် စသည် ……
အားလုံး …. အားလုံး တို့အား အထူးပင် ကျေးဇူးတင်ရှလျက်ရှိပါသည်။
SIOE
Magazine လေး အားပေးသူများရှိနေသေးသမျှတော့ အသက်ဆက်နေပါမည်။ အသက်ဆက်နေပါဦးမည် ။ သို့သော်
…………….
SIOE Magazine
Facebook – Thint
Tunnaing
Twitter – lwinwai2007
Gmail – waterfall.sioe@gmail.com
Viber – 09 400 511 851
0 comments:
Post a Comment