စစ်ကိုင်းပညာရေးတက္ကသိုလ်
ရွှေအညာမြေက အသံရေဝေဖြာလင်းပါတဲ့
တောင်ခြေရင်းကတက္ကသိုလ် ။
ပုညရှင် နဲ့ မင်းဝံတောင်ညို
ဂန္တ၀င်မြောက်မယ့် တက္ကသိုလိ ။
ထာဝရထင်လင်း ရွှေမင်းဝံတခို
ထနောင်းညိုနွဲ့ တက္ကသိုလ် ။
စက္ကူပန်း နဲ့ စိန်ပန်းပင်ပျို
သာယာလှပ တက္ကသိုလ် ။
ပိတောက်ပန်းနဲ့ တမာပင်အို
ချစ်စရာကောင်းတဲ့ တက္ကသိုလ် ။
ကောင်းမှုတော်ဘုရား သပ္ပာယ်မှုကို
ဖူးတွေ့နိုင်တဲ့ တက္ကသိုလ် ။
ဝါဆိုလမြတ် သင်္ကန်းမြတ်ကို
ကပ်လှူနိုင်တဲ့ တက္ကသိုလ် ။
ပညာဂုဏ်သတင်း ထုံသင်းတာမို့
လူတကာ ချီမွမ်းတဲ့ တက္ကသိုလ် ။
ပန်းပျိုးသူများ မွေးဖွားပေးလို့
စေတနာအပြည့်နဲ့ တက္ကသိုလ် ။
နေခြည်အောက်မှာ ဖြူပြာရွှမ်းစို
ပန်းချီဆရာငိုမယ့် တက္ကသိုလ် ။
စစ်ကိုင်းပညာရေးတက္ကသိုလ် ။
ကျေးတမန်
( ကချင် )
( Written by SIOE Student )
0 comments:
Post a Comment