သတိရခြင်း
မိတ်ဖြစ်ဆွေဖြစ် ညနေခင်းတချို့နဲ့
ကိုယ်ကသူ့ကို လမ်းလွဲကသွားစောင့်နေတယ် ။
တစ်ခါတစ်လေ
မြေပြင်ပေါ်က ဖြတ်တိုက်လာတဲ့လေညင်း
တစ်ခါတစ်လေ
ခပ်ပြင်းပြင်း
ဒါမှမဟုတ်
ခပ်ပျော့ပျော့ဂီတအပိုင်းအစတစ်ခု
တစ်ခါတစ်လေ
ကြိုးတွေခဏခဏဖြတ်ချတတ်တဲ့
ရစ်ဘီးတစ်လုံးနဲ့စွန်
အဲဒီလိုကြုံရာ ကျဘမ်းတွေနဲ့
သူကတော့ ကြုံသလို ရောက်ချလာတတ်ရဲ့ ။
သလင်းအိမ်(
PKUN & MTS )
0 comments:
Post a Comment