ဟေ့...မပစ်နဲ့ (တက္ကသိုလ်စိန်တင်)
=========================
အချိန်က ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးပြီးဆုံး၍ တစ်နှစ်ခန့် အကြာ....
နေရာက ဧရာဝတီတိုင်း၊ဓနုဖြူမြို့...။
နိုင်ငံရေးစည်းရုံးမှုလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူလူထု(၅၀၀၀)၀န်းကျင်ကပါ စုရုံးရောက်ရှိနေတယ်....။
တပ်မတော်ကဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက ''လမ်းပေါ်မှာ လူစုလူဝေး မရှိစေရ။ ရှိခဲ့သော် ပစ်ခတ်တားဆီးရလိမ့်မည်"ဟု သေနတ်တစ်လက်ကို ကျည်ထိုး မောင်းတင်လျက် အမိန့်ပေးသည်။
အဲ့ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လူအုပ်ကြီးဟာ လမ်းပေါ်ကနေ လမ်းဘေးကို ဆင်းပေးလိုက်တယ်... ။
နောက်ထပ် အမိန့်ပေးသံထပ်ထွက်လာတယ်.... လမ်းဘေးမှာ လူစုရင် ပစ်မယ် "... တဲ့ ...။
ဒါနဲ့ပဲ လမ်းဘေးမှာ နေရင်လည်း ပစ်မယ့်အတူတော့ 'ဆိုပြီး.. ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လုအုပ်ကြီးဟာ လမ်းမပေါ်ပြန်တက်လိုက်ကြတယ်... ။
အရေးတော်ပုံမှာ ကြွေးကြော်ခဲ့ကြတဲ့-
""ဘာစိတ်ဓါတ်လဲ ၊ အောင်ဆန်းစိတ်ဓါတ်
ဘာသတ္တိလဲ ၊ အောင်ဆန်းသတ္တိ
ဘာဇွဲမာန်လဲ ၊ အောင်ဆန်းဇွဲမာန်""
ဆိုတဲ့ကြွေးကြော်သံကို အောင်ဆန်းသမီးက လှပစွာပြလိုက်တဲ့ တစ်ခဏမှာ .... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်တိုးနေတဲ့ သေနတ်နဲ့ ချိန်ထားသူ စစ်ဗိုလ်လေးက ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်ကို ခလုတ်ဆွဲတော့မယ့်ဆဲဆဲ စက္ကန့်အနည်းငယ်အလိုမှာ အထက်အရာရှိ ဗိုလ်မှူးတင်ဖေအေးက ပြေးလွှားဝင်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်ထားသူ စစ်ဗိုလ်လေးကို အော်ဟစ်အမိန့်ပေးတားဆီးလိုက်တယ်....
''ဟေ့... မပစ်နဲ့ .... ဒါ စစ်မြေပြင်မဟုတ်ဘူး...။ ဒါ နိုင်ငံရေး...''
ဒါဟာ အသိဥာဏ်ပညာကြွယ်ဝတဲ့ တပ်မတော်အရာရှိ ဗိုလ်မှူးတင်ဖေအေးရဲ့ သမိုင်းဝင်မယ့် စကားပါပဲ...
လေးစားပါတယ် ဗိုလ်မှူး
(တက္ကသိုလ်စိန်တင်မှ)
Samsung Galaxy Grand Prime SM-G531H Firmware 100 % Test
-
Model : SM-G531H
OS Version : 5.1.1
#Password : 👉 myominthu 👈
လာရောက်အားပေးသည့်အတွက် ကျေးဇူးတင်ပါသ...
0 comments:
Post a Comment