This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, September 28, 2014

အဖေ့မှာတမ်း

အဖေ့မှာတမ်း
==========
အဖေမှာမယ်..... သားရယ်လူလေး
ငယ်မူသွေးကြွ နုထွေးပျိုမျစ် အရွယ်ဖြစ်လို့
ချစ်သူရည်းစား ထားချင်ငြားလည်း
ရင်ထဲမျိုသိပ်လွမ်းအတိတ်နှင့်
ဆွေးစိတ်ကိုဖျောက် ခြင်္သေ့ဟောက်သို့
ယောက်ျားဇာနည် ပညာရည်မွန်
လူရည်ချွန်ဘွဲ့ သားယူခဲ့၍
သားရဲ့ဇာတိ ဆရာမိဘ
မွေးသည့်ရပ်ရွာ အေးချမ်းသာပြီး
ပညာထွန်းကား ပြိုင်စံရှားအောင်
ငါ့သားစွမ်းဆောင်စေချင်တယ် ။
အဖေမှာမယ် သားရယ်လူလေး
သမိုင်းတွေးကြည့် ရေးခဲ့မော်ကွန်း
စာအထင်သား ပု ပင်း အင်း တောင်
ညောင်ရမ်းနှောင်မှ ကုန်းဘောင်နှစ်လီ
ကိုလိုနီနှင့် မြန်ပြည်ဆန်းသစ်
ယနေ့ခေတ်တိုင် မျိုးချစ်ဇာနည်
သာကီနွယ်ဖွား မြန်ပြည်ဖွားတို့
များစွာအသက် မငဲ့ကွက်ဘဲ
လက်ဆင့်ကမ်းကာ စောင့်ရှောက်လာသည့်
စာပေလူမျိုး ပုထိုးစေတီ ကြာရှည်တည်ပြီး
ဒို့ပြည်ဒို့ရွာ ဒို့ဘာသာနှင့် သာသနာကျိုး ပညာကိုး၍ သယ်ပိုးထမ်းဆောင် အောင်မြင်အောင်ဟု
စွမ်းဆောင်ဖို့တွက်ရည်ရွယ်ချက်ဖြင့်
ကျေးလက်ဌာနေ ဖေဖေမေမေ
ဆွေမျိုးတွေနှင့် မိတ်ဆွေများအား
ခွဲခွာသွားပြီးငါ့သားမြို့တက်
အထက်တန်းလွှာ မြတ်ပညာကို
ရှာဖွေစုစည်း ဤခရီးကြီး
ပြီးစီးအောင်မြင်ပါစေသား ။

တက္ကသိုလ် -အောင်ကျော်ဟိန်း

ဟေ့...မပစ်နဲ့ (တက္ကသိုလ်စိန်တင်)

ဟေ့...မပစ်နဲ့ (တက္ကသိုလ်စိန်တင်)
=========================

အချိန်က ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးပြီးဆုံး၍ တစ်နှစ်ခန့် အကြာ....
နေရာက ဧရာဝတီတိုင်း၊ဓနုဖြူမြို့...။

နိုင်ငံရေးစည်းရုံးမှုလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူလူထု(၅၀၀၀)၀န်းကျင်ကပါ စုရုံးရောက်ရှိနေတယ်....။

တပ်မတော်ကဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက ''လမ်းပေါ်မှာ လူစုလူဝေး မရှိစေရ။ ရှိခဲ့သော် ပစ်ခတ်တားဆီးရလိမ့်မည်"ဟု သေနတ်တစ်လက်ကို ကျည်ထိုး မောင်းတင်လျက် အမိန့်ပေးသည်။

အဲ့ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လူအုပ်ကြီးဟာ လမ်းပေါ်ကနေ လမ်းဘေးကို ဆင်းပေးလိုက်တယ်... ။

နောက်ထပ် အမိန့်ပေးသံထပ်ထွက်လာတယ်.... လမ်းဘေးမှာ လူစုရင် ပစ်မယ် "... တဲ့ ...။

ဒါနဲ့ပဲ လမ်းဘေးမှာ နေရင်လည်း ပစ်မယ့်အတူတော့ 'ဆိုပြီး.. ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လုအုပ်ကြီးဟာ လမ်းမပေါ်ပြန်တက်လိုက်ကြတယ်... ။

အရေးတော်ပုံမှာ ကြွေးကြော်ခဲ့ကြတဲ့-
""ဘာစိတ်ဓါတ်လဲ ၊ အောင်ဆန်းစိတ်ဓါတ်
ဘာသတ္တိလဲ ၊ အောင်ဆန်းသတ္တိ
ဘာဇွဲမာန်လဲ ၊ အောင်ဆန်းဇွဲမာန်""
ဆိုတဲ့ကြွေးကြော်သံကို အောင်ဆန်းသမီးက လှပစွာပြလိုက်တဲ့ တစ်ခဏမှာ .... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်တိုးနေတဲ့ သေနတ်နဲ့ ချိန်ထားသူ စစ်ဗိုလ်လေးက ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်ကို ခလုတ်ဆွဲတော့မယ့်ဆဲဆဲ စက္ကန့်အနည်းငယ်အလိုမှာ အထက်အရာရှိ ဗိုလ်မှူးတင်ဖေအေးက ပြေးလွှားဝင်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်ထားသူ စစ်ဗိုလ်လေးကို အော်ဟစ်အမိန့်ပေးတားဆီးလိုက်တယ်....

''ဟေ့... မပစ်နဲ့ .... ဒါ စစ်မြေပြင်မဟုတ်ဘူး...။ ဒါ နိုင်ငံရေး...''

ဒါဟာ အသိဥာဏ်ပညာကြွယ်ဝတဲ့ တပ်မတော်အရာရှိ ဗိုလ်မှူးတင်ဖေအေးရဲ့ သမိုင်းဝင်မယ့် စကားပါပဲ...

လေးစားပါတယ် ဗိုလ်မှူး

(တက္ကသိုလ်စိန်တင်မှ)

အဝေး..သို့ ************

အဝေး..သို့
************

အဆင်ပြေလား
ငါနဲ့ဝေးတဲ့ တစ်နေရာမှာ

ယခင်နေ့များနဲ့
အသွင်တွေ ခြားနေရောပေါ့

ငါ့ထက်သာတဲ့
သခင်တွေ သိပ်များမှာပါ

ငါက အရင်လိုပဲ
ဖလင် တိတ်သားပေါ့

ဘာပဲဖြစ်ဖြစ်
အဆင်ပြေပါစေ ထိပ်ထား

Credit- မြေမာန်မိုး

အပါယ်ကျတတ်သော အလှူ ၁၀-ပါး

အပါယ်ကျတတ်သော အလှူ ၁၀-ပါး
=========================
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါန လို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါန ပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) - ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ နောက်အပြုအမူများ စသည်တို့ကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

Source; အရှင်ဝိမလ၀ံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယ နိုင်ငံ)

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)
====================================

လှချင်တဲ့ သမီးကလေးများသို့
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်ကြည့်မိတယ်။
ကြည်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီလို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရာပေါ်မှာလည်းပါရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျိုးစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ ကပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြနေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ၊ အထက်ကလည်း
ရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာလောက်ကာပြီးတော့လှုပ်ရှားကပြရတာကလည်း ပြောဝံ့စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာတဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ဆွေက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီမရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝတ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုး
တစ်ယောက်တလေတောင်ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့
လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်များကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်းအမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အများသားကိုး။
မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာကလည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့
ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊နမ်းဖန်များတော့ ပြယ်သတဲ့
အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။

အဲဒီတော့ တချို့က အမေရယ် လူဆိုတာ ဒီလိုပါပဲ ကောင်းနိုးရာရာကို လုပ်ကြတာပါ။ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို
လစ်လျူရှုလိုက်ပါတော့လို့။ ဒါလည်း သူတို့အနေနဲ့ ဆိုရင် ဟုတ်တာပေါ့လေ။ သူတို့နဲ့ အမေနဲ့က ခေတ်ချင်းကွာဟမှုက ရှိနေတာကိုး။
အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး
စိတ်ကူးရသလောက် ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။

အဲဒါဟာ ကျားမ တန်းတူရှိသေးရဲ့လား။ မိန်းမတွေရဲ့ဘဝ ကျားတွေကို ဆွဲဆောင်နိုင်မှုအတွက် တစ်သက်လုံး ကြိုးပမ်း အားထုတ်နေရတာလား၊ လူ့ဘဝ လူ့တာဝန်တွေကို ထမ်းရွက်ဖို့ မကြိုးစားရတော့ဘူးလားလို့ အောက်မေ့မလာရဘူးလားကွယ်။ မိန်းမတွေရဲ့ အဆုံးစွန်သော အားထုတ်လုပ်ဆောင်ရချက်က ယောကျားတွေအတွက် ဆိုတာပဲလား။ တခြား ဘာမှ
အဖိုးတန်တဲ့အလုပ် မလုပ်နိုင်တော့ဘူးလား၊ အမေရယ် ဒီလိုဆိုရင် တချို့နိုင်ငံတွေက အမျိုးသမီးတွေကို
တစ်ကိုယ်လုံးဘာမှ လူမမြင်ရအောင် အဝတ်ကြီး ခြေဆုံးခေါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေ ဘယ်လိုသဘောရပါသလဲလို့ မေးလာရင်….အဲဒါဟာ မိန်းမကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက်တန်ဖိုးထားတဲ့သဘော၊ မိန်းမကို လူ့အခွင့်အရေး တစ်မူးသားမှ
မပေးတဲ့လုပ်ရပ်မို့ အမေက သိပ်ရှုတ်ချတာပေါ့။ လင်ယောကျားတစ်ယောက်ကအပိုင်မွေးထားတဲ့ ထမင်းချက် ကလေးထိန်းတဲ့ လင်ယောကျားအလို ဖြည့်ရတဲ့လူသာသာပဲ။ အဲဒီထက် ဘာမှ မပိုပါဘူး။
အမေတို့က မိန်းမဆိုတာ လူ့ဂုဏ်သိက္ခာအပြည့်ရှိတဲ့ လူသား၊ လူ့လောကကို ယောင်္ကျားတွေနဲ့ တန်းတူရည်တူ တည်ဆောက်နေရတဲ့ လူသား၊ လူ့လောက သာယာဝပြောရေးအတွက် အားလုံးနဲ့အတူတူ တာဝန်ရှိတဲ့လူသား ဖြစ်စေချင်တာပါပဲ။
ဘယ်သူက ဘယ်သူ့ထက်မှလည်း မနိမ့်ကျစေချင်ဘူး။ တိရစ္ဆာန်လောကမှာတော့ နိုင်သူက အနိုင်ကျင့်တာလေ။
အားနည်းရင် အရှုံးပေးရတယ်။ အားကြီးရင် အနိုင်ကျင့်တယ်။ တို့က တိရစ္ဆာန်ထက်အများကြီး အဆင့်အတန်းမြင့်တာပဲဟာ။ အဲဒီတော့ တို့အားလုံးအတွက် လူဟာလူနဲ့တူအောင် တန်အောင်ပဲ ဖြစ်ကြစေချင်တယ်။
ကနေ့ အမေတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသဖြင့်လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်။ အဲဒီအလုပ်တွေကို လှပပေါ်လွင် ကြွမြောက်နေတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ကြိုးစားလုံးပန်းနေရတာနဲ့ အချိန်ကုန်
ငွေကုန်ခံနေကြရမှာလား၊ မိန်းကလေးတွေမှာ ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသင့်ပြင်ထားကြရဦးမှာပါ။ လှအောင်ပအောင်၊ ယောင်္ကျားတွေ မြင်ရင် ကြိုက်ချင် ချစ်ချင်လာအောင် ရှိသမျှဖော်ထုတ်မြှူဆွယ်တယ်ဆိုတာ အလွန်သေးသိမ်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ။ တို့မိန်းမတွေမှာ အင်မတန် ကြီးလေးတဲ့တာဝန်တွေ ထမ်းရွက်ဖို့
အများကြီးရှိပါတယ်။

လှလှ မလှလှ ကျန်းမာဖို့ စိတ်ကောင်းစေတနာရှိဖို့
အသိအမြင် မြင့်မားဖို့ ငါတို့ကြိုးစားနေရမှာပါ။
ဒါကြောင့် သမီးတို့ လှချင်တာဟာ ကောင်းရဲ့လား။
ငါ့သမီးတို့ စဉ်းစားကြပါ။

(လူထုဒေါ်အမာ)