လူ့လောကကြီးထဲကို
မျက်စိလည်ပြီးရောက်လာတယ်
သင်က ထင်နေတာလား မိတ်ဆွေ
ဘုရားသာသနာနဲ့တွေ့ခွင့်ရတာ
အလကားရ့တာ သင်ထင်နေတာလား
လောကမှာ ဘယ်အရာမှ
အလကား မရပါဘူး မိတ်ဆွေ
သင်သာ အတိတ် ပစ္စုပ္ပန် အနာဂတ်ကို
ယုံကြည်ထားခဲ့ရင်ပေါ့........
လောကရဲ့ သေးသိမ်တဲ့ ဒုက္ခအောက်မှာ
`ဘ၀ကို အဆုံးသတ်ဖို့ ဘယ်တော့မှ
မစဉ်းစားမိပါစေနဲ့နော်
အင်မတန် နက်ရှိုင်းတဲ့သမုဒ္ဒရာအောက်မှာ
နေထိုင်တဲ့ လိပ်တစ်ကောင်ရဲ့ ခေါင်းနဲ့
သူကျချင်ရာ ကျကွာဆိုပြီး
ပစ်လိုက်တဲ့ တံပိုးဟာ
အကြောင်းညီညွတ်ပြီး
လိပ်ကြီးရဲ့ခေါင်းစွတ်မိရင် စွတ်မိလိုက်မယ်။
လူအဖြစ်ကို ရဖို့ ဒီထက်မလွယ်ဘူး
ဒီတော့ သူငယ်ချင်း မိတ်ဆွေတို့ရေ
လူ့ဘ၀မှာ ဘယ်တော့မှ
အရှုံမပေးမိပါစေနဲ့နော်
သံသရာခရီးကို အပြီးသတ်လျှောက်လှမ်းဖို့
တတ်နိုင်သလောက် လူ့ဘ၀မှာ
ကုသိုလ်ကောင်းမှု လုပ်ဆောင်သွားကြဖို့
ပြောပါရစေဗျာ............။ ။
ကိုထက်မြတ်ဟိန်း
(ခေတ္တ-လူ့ပြည်)
Samsung Galaxy Grand Prime SM-G531H Firmware 100 % Test
-
Model : SM-G531H
OS Version : 5.1.1
#Password : 👉 myominthu 👈
လာရောက်အားပေးသည့်အတွက် ကျေးဇူးတင်ပါသ...
0 comments:
Post a Comment